Vodka (ဗော့ကာ) သမိုင်းသည် ၁၄၃၀ ခုနှစ်မှာ Isidore(အစ်ဆီဒိုရီ) လို့ခေါ်တဲ့ ဘုန်းတော်ကြီးမှ မော်စကိုမြို့ ရှိကရင်မလင်နန်းတော်ထဲ၌ ရုရုားနိုင်ငံရဲ့ ပထမဆုံး ဗော့ကာ ချက်လုပ်သည့် Recipe ကို ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ Bread Wine လို့ လူသိများခဲ့ပြီး ၊ ပထမဆုံး မှတ်တမ်းတင်အနေနဲ့ Vodka ဆိုတဲ့ နာမည် စကားလုံးအရေးအသားကို ၁၇၅၁ ခုနစ်မှ စတင် အသိအမှတ် ပြုခဲ့ပါသည်။
ဗော့ကာ ၏ ထုတ်လုပ်မှုသမိုင်းအရ ပိုလန်နှင့် ဆွီဒင် နိုင်ငံများ၌ လည်း၊ ၎င်းတို့ကလဲ နှစ်ခုနစ် အတူ ထုတ်လုပ်ယှဥ်ပြိုင်ထုတ်လုပ်နေသောကြောင့် Vodka ကို ဘယ်နိုင်ငံ ကစတင် ထုတ်ခဲ့သလဲဆိုတာနဲ့ ပက်သက်ပြီး ငြင်းခုံနေကြပါသည်။ ဒါပေမဲ့ ရုရှား နိုင်ငံထုတ် ဗော့ကာ ကတော့ ၁၄၃၀ ခုနစ်ကတည်းက စတင်ထုတ်လုပ်သည်ဟု ဗော့ကာ ထုတ်လုပ်မှု သမိုင်း၌ နှစ်အတိအကျ မှတ်သားဖော်ပြထားပါသည်။
ဗော့ကာကို ချက်လုပ်ရန် ကုန်ကြမ်းအဖြစ် အရင်က ကြံသကာများ ကို အခြေခံပြီး ဗော့ကာ အရက်ချက်လုပ်ရာတွင်လဲ အသုံးပြုလေ့ရှိပါသည်။၎င်း ကြံသကာ နှင့် ချက်လုပ်ထားသော ဗော့ကာ အမျိုးအစားသည် အခြားသော ဂျုံ နှင့်ပြုလုပ်ထားသော ဗော့ကာ များထက် ပို၍ ချိုလေ့ရှိသည်ကိုလဲ ဗော့ကာထုတ်လုပ်မှု သမိုင်း၌ သိရှိရပါသည်။ ဗော့ကာထုတ်လုပ်သော နိုင်ငံတော်တော်များသည် အရင်က အာလူးကိုသာ အခြေခံပြီး ချက်လုပ်ကြပါသည်။ ယခုအခါတွင် ဗော့ကာအရက် ထုတ်လုပ်မှုများ၌ ကုန်ကြမ်းအဖြစ် ဂျုံ ၊ စပျစ်သီး ၊ ဟင်းသီးဟင်းရွက်များ ၊ မြက်ပင် နှင့် မွှေးကြိုင်သော အသီး များဖြင့် အစားထိုး၍ ကောင်းသည်ကောင်းထက် အရသာရှိအောင် သောက်လုပ်ကောင်းအောင်အသုံးပြု ထုတ်လုပ်၍ ဗော့ကာအရက် စျေးကွက်သို့ ရောင်းချနေကြပါသည်။
Absolut Vodka ကို ၁၈၇၉ ခုနစ်၌ ဆွီဒင် နိုင်ငံ မှ Lars Olsson Smith က ဖန်တီးထုတ် လုပ်ထားပါသည်။ ယခုအချိန်၌ Absolut Vodka ကို ကမ္ဘာ့ကျော် အရက်များထုတ်လုပ်သည့် Pernod Ricard ကုမ္ပဏီမှ ပိုင်ဆိုင်ထားပါသည် ။
Absolut Berry Acai Vodka ကို ၂၀၁၀ ခုနစ်တွင်စတင်၍ ဆွီဒင်နိုင်ငံရှိ ဆောင်းတွင်း၌ ရိတ်သိမ်းထားသော ဂျုံ နှင့် ဆွီဒင်နိုင်ငံရှိ သဘာဝရေတွင်းမှထွက်သော သန့်စင်သောရေ နှင့် Açaí (အစိုင်း) ခေါ် အုန်းပင်မျိုးနွယ်မှထွက်ရှိသည့် ဘယ်ရီသီးတမျိုး၊ Blueberry အသီး နှင့် သလဲသီး အနံ့အရသာတို့ ပေါင်းစပ်ထားပြီး ၊ လုံးဝသကြားမပါပဲ သဘာဝအချိုအရသာအတိုင်း ၎င်းဗော့ဒ်ကာကို ပေါင်းခံချက်လုပ်ထားပါသည်။ Absolut Berry Acai ဗော့ဒ်ကာပုလင်း အား သောက်သုံးကြည့်လျှင် ကြွယ်ဝသော ဘယ်ရီသီး၊ Blueberry အသီး နှင့် သလဲသီး တို့၏ အနံ့အရသာတို့ ရရှိစေပါသည်။
Absolut Berry Acai Vodka သည် ကော့တေး နှင့် အခြား Mixer များဖြင့် ရောစပ်သောက်ရန်အတွက် ထုတ်လုပ်ထားသောကြောင့် BAR ဆိုင်အများစုတွင် အသုံးပြုကြပါသည်။ Alcohol ၄၀% ပါဝင်ပါသည်။ Absolut Berry Acai ဗော့ဒ်ကာပုလင်း သည် ယနေ့နိုင်ငံပေါင်း များစွာတွင် ပရီမီယံ အဆင့်သတ်မှတ်ပြီး ရောင်းချလျက်ရှိပါသည်။ Absolut Berry Acai Vodka ကို Redbull ၊ Sprite၊ Orange Juice နှင့် အခြားသော Cocktail များဖြင့် ရောစပ် သောက်သုံးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ Absolut Berry Acai Vodka ကို သောက်သုံးခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းမွန်စေသည့် အပြင် သွားကိုက် သွားနာခြင်း ကို သက်သာစေပါသည်။
Reviews
There are no reviews yet.